သမ္မာကျမ်းစာကို သခင်ယေရှုထံပို့ဆောင်ပေးသည့် တစ်စုတစ်စည်းတည်းသောပုံပြင်တစ်ပုဒ်အဖြစ် လူများ ကြုံတွေ့လေ့လာနိုင်ရန် ကျွန်ုပ်တို့ရည်မှန်းသည်။
ဗီဒီယိုများ
ဖတ်ရှုခြင်း အစီအစဉ်များ
BibleProject အကြောင်း

BibleProject သည် အမေရိကန်ပြည်ထောင်စု အခြေစိုက် အကျိုးအမြတ်မယူ၊ လူထုအထောက်အပံ့ လှူဒါန်းငွေများဖြင့် လည်ပတ်နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် လူများအတွက် သမ္မာကျမ်းကို ယေရှုထံသို့ ဦးတည်သည့် တစ်ခုတည်းသော စည်းလုံးညီညွတ်သော ဇာတ်လမ်းအဖြစ် နားလည်ခံစားနိုင်ရန် အထောက်အကူပြုသော အရင်းအမြစ်များကို ဖန်တီးပေးသည်။ ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ သမ္မာကျမ်းထဲရှိ ရှုပ်ထွေးသော သဘောတရားများကို ပိုမိုရှင်းလင်းလွယ်ကူစွာ နားလည်နိုင်ရန်၊ သမ္မာကျမ်းကို ပိုမိုလေ့လာလိုသူများအတွက် လွယ်ကူစွာ ရရှိနိုင်စေရန် ဖြစ်သည်။ ကျွန်ုပ်တို့ဖန်တီးသမျှအရာအားလုံးသည် ကမ္ဘာလုံးဆိုင်ရာအသင်းတော်ကို စဉ်းစားပြီး ဖန်တီးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ ပညာရှင်များသည် ခရစ်ယာန်အယူဝါဒအမျိုးမျိုးမှ လာကြသော်လည်း၊ သမ္မာကျမ်း၏ တစ်ခုတည်းသော စည်းလုံးညီညွတ်သော ဇာတ်လမ်းကို လူအများအပြား အတွေ့အကြုံရစေလိုသည်ဆိုသော တူညီသောကတိကဝတ်အပေါ် ပေါင်းစည်း ကြသည်။
ကျွန်ုပ်တို့သည် ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့ပါသည်။ နှစ်ရှည်မိတ်ဆွေများဖြစ်သော Dr. Tim Mackie နှင့် Jon Collins တို့က သမ္မာကျမ်းပညာရပ်နှင့် မြင်ကွင်းအကြောင်း ပြောပြခြင်းကို ပေါင်းစပ်ကာ လူများကို သမ္မာကျမ်းကို နားလည်နိုင်ရန် အခမဲ့ အင်္ဂလိပ်ဗီဒီယိုများကို ဖန်တီးခဲ့ကြသည်။ ထိုအချိန်မှစ၍ BibleProject သည် လူ ၁၄၀ ကျော်ပါဝင်သည့် အဖွဲ့အစည်းအဖြစ် တိုးတက်လာခဲ့ပြီး ကမ္ဘာအနှံ့ရှိ ဘာသာစကား ပြောသူများနှင့် အဖွဲ့များ၏ အထောက်အပံ့ဖြင့် ဘာသာစကားပေါင်း ၅၀ ကျော်ဖြင့် ဗီဒီယိုထောင်ပေါင်းများစွာ ထုတ်လွှင့်ခဲ့သည်။ ကျွန်ုပ်တို့၏ သမ္မာကျမ်းကို လေ့လာသုံးသပ်သည့် နည်းလမ်းအကြောင်းကို ဒီနေရာမှာ ပိုမိုလေ့လာနိုင်ပါသည်။
ကျွန်ုပ်တို့ဖန်တီးသမျှ အရာအားလုံးကို အခမဲ့ရရှိနိုင်ပါသည်။ ဒါဟာ သင်လိုမျိုး ရက်ရော ပံ့ပိုးသူများ၏ လှူဒါန်းမှုကြောင့် ဖြစ်လာခြင်းဖြစ်သည်။





