By using this website, I acknowledge that I am 16 years of age or older, and I agree to the Terms and Conditions and Privacy Policy.
Under 16? Accept
Back

ကိုယ်ရေးကိုယ်တာအချက်အလက်များ လျှို့ဝှက်ထားခြင်းဆိုင်ရာ အသိပေးကြေညာချက်

ကျမ်းစာ ပရောဂျက်

သြဂုတ် ၂၀၁၉ တွင် ပြုပြင်မွမ်းခံခဲ့သည်။

နိဒါန်း

 ကျမ်းစာပရောဂျက်သည် သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များ လျှို့ဝှက်ခြင်းကို လေးစားတန်ဖိုးထားပြီး သင်၏အထိအခိုက်မခံသော အချက်အလက်များကို ကာကွယ်ထိန်းသိမ်းပေးရန် ဆက်ကပ်ထားပါသည်။ ဤ ကိုယ်ရေးကိုယ်တာအချက်အလက်များ လျှို့ဝှက်ထားခြင်းဆိုင်ရာ အသိပေးကြေညာချက်  (ကိုယ်ရေးကိုယ်တာအချက်အလက်များ လျှို့ဝှက်ထားခြင်းဆိုင်ရာ အသိပေးကြေညာချက်) သည် thebibleproject.com၊ ဆိုရှယ်မီဒီယာများ၊ အက်ပလီကေးရှင်းများနှင့် ဝန်ဆောင်မှုများ (တစ်စုတည်းပေါင်း၍ ဝက်ဘ်ဆိုက် ဟုဆိုခြင်း) ပါဝင်သည့် ကျွနု်ပ်တို့၏ဝက်ဘ်ဆိုဒ်များကို ဝင်ရောက်စဉ်နှင့်အသုံးပြုနေစဉ်အတွင်း သင်နှင့် ကျမ်းစာပရောဂျက်နှင့် ၎င်း၏ဆက်စပ်အဖွဲ့အစည်းများ၊ မိဘလိုမျိုးသက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လက်အောက်ခံ အဖွဲ့အစည်းများ (တစ်စုတည်းပေါင်း၍ "BiblrProject"၊ "ကျွန်ုပ်တို့ကို"၊ "ကျွန်ုပ်တို့၏" သို့မဟုတ် "ကျွန်ုပ်တို့" ဟု ဆိုခြင်း) အကြား ထားရှိထားသော သဘောတူညီချက်ဖြစ်ပြီး  ကျမ်းစာပရောဂျက်၏ စည်းမျဉ်းသတ်မှတ်ချက်များ၏အစိတ်အပိုင်းတစ်ခုဖြစ်လျက် ၄င်းစည်းမျဉ်းများအောက်တွင် ရှိသည်။  

ကိုယ်ရေးကိုယ်တာအချက်အလက်များ 

ဤကိုယ်ရေးကိုယ်တာအချက်အလက်များ လျှို့ဝှက်ထားခြင်းဆိုင်ရာ အသိပေးကြေညာချက်တွင် အသုံးပြုထားသည့်အတိုင်း "ကိုယ်ရေးကိုယ်တာအချက်အလက်များ" ၏အဓိပ္ပာယ်သည် လူတစ်ဦးဦးကို တိကျစွာဖေါ်ပြသည့်အချက်အလက်များ (ဥပမာ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ၊ သုံးစွဲသူအမည်၊ သို့မဟုတ် ခရဲဒစ်ကတ်နံပါတ်) သို့မဟုတ် လူကိုမည်သူမည်ဝါဖြစ်ကြောင်းသိသာစေမည့်အချက်အလက်နှင့်တိုက်ရိုက် ချိတ်ဆက်နေသည့် လူတစ်ဦး၏အချက်အလက်ကို ဆိုလိုသည်။ ကိုယ်ရေးကိုယ်တာအချက်အလက်များတွင် (က) အားလုံးပေါင်းစုထားသည့်အချက်အလက်များဖြစ်သည့် သင် ဝက်ဘ်ဆိုဒ်ကိုအသုံးပြုစဉ် ကျွန်ုပ်တို့ စုပေါင်းသိမ်းဆည်းထားသည့်အချက်အလက်များ သို့မဟုတ် အဖွဲ့အစည်း သို့မဟုတ် ဝန်ဆောင်မှုအမျိုးအစားများအကြောင်း သို့မဟုတ် တစ်ဦးတစ်ယောက်ခြင်းခွဲခြားနိုင်သည့် အသုံးပြုသူများ သို့မဟုတ် ဖယ်ရှားထားသော အခြားကိုယ်ရေးကိုယ်တာအချက်အလက်များ သို့မဟုတ် (ခ) တစ်ဦးတစ်ယောက်နှင့် အလွယ်တကူပတ်သက်ထားခြင်းမရှိသည့် ထုတ်ဖော်ခြင်းမရှိသောအချက်အလက်များ ပါဝင်မည်မဟုတ်ပါ။

ဤကိုယ်ရေးကိုယ်တာအချက်အလက်များ လျှို့ဝှက်ထားခြင်းဆိုင်ရာ အသိပေးကြေညာချက်သည် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို စုဆောင်းခြင်း၊ အသုံးပြုခြင်း၊ ထိန်းသိမ်းခြင်း၊ ကာကွယ်ခြင်းနှင့် ထုတ်ဖော်ပြောခြင်းတို့ပြုလုပ်ရာတွင် ကျွန်ုပ်တို့၏လုပ်ဆောင်ပုံများကို ဖော်ပြထားသည်။ ထိုအချက်ထဲတွင် ဖုန်းမှတစ်ဆင့်ဖြစ်စေ၊ စာမှ တစ်ဆင့်ဖြစ်စေ သို့မဟုတ် လူကိုယ်တိုင် ကျွန်ုပ်တို့နေရာသို့လာရောက်ခြင်းဖြင့်ဖြစ်စေ ကျမ်းစာပရောဂျက် နှင့် သင်၏ထိတွေ့မှုများ ပါဝင်သည်။

သင်၏အချက်အလက်များနှင့်ပတ်သက်ပြီး ကျွနု်ပ်တို့၏ မူဝါဒများနှင့် လုပ်ဆောင်ပုံများကို နားလည်ရန်နှင့် ၄င်းတို့က် ကျွနု်ပ်တို့ မည်သို့စုဆောင်းပြုစုသည်ကို နားလည်စေရန်အတွက် ဤကြေညာချက်ကို သေချာစွာဖတ်ပါ။

သဘောတူခွင့်ပြုခြင်း

ဝက်ဆိုဒ်ထဲသို့ ဝင်ရောက်ခြင်း၊ ဝက်ဘ်ဆိုဒ်တွင် အသုံးပြုသူအကောင့်ဖန်တီးခြင်း၊ ကျွနု်ပ်တို့၏ စတူဒီယိုကိုသွားကြည့်ခြင်း၊ သို့မဟုတ် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကျမ်းစာပရောဂျက်ထံ တင်သွင်းခြင်းပြုလုပ်ခြင်းအားဖြင့် သင်သည် ဤကိုယ်ရေး ကိုယ်တာအချက်အလက်များ လျှို့ဝှက်ထားခြင်းဆိုင်ရာ အသိပေးကြေညာချက်နှင့်  အောက်တွင် ဖေါ်ပြထားသည့် အတိုင်း သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များအား စုဆောင်းခြင်းနှင့် အသုံးပြုခြင်းတို့ကို သဘောတူသည်။ ကျွနု်ပ်တို့သည် သင့်ထံမှ ကိုယ်ရေးကိုယ်တာအချက်အလက်များကို စုဆောင်းရာတွင်  သင်၏ သဘောတူညီချက်ကို အဆင့်ဆင့် အကြောင်းကြားခြင်းနှင့်အတည်ပြုခြင်းများ ပြုလုပ်သွားမည်ဖြစ်ပါသည်။ သင်သည် ကျွနု်ပ်တို့၏ မူဝါဒများနှင့် လုပ်ဆောင်ပုံများကို သဘောမတူပါက ဝက်ဘ်ဆိုင်၏အစိတ်အပိုင်းအချို့သို့ ဝင်ရောက်ခွင့် သို့မဟုတ် အကျိုးခံစားခွင့် ရမည်မဟုတ်ပါ။ 

နယ်ပယ်

ဤကိုယ်ရေးကိုယ်တာအချက်အလက်များ လျှို့ဝှက်ထားခြင်းဆိုင်ရာ အသိပေးကြေညာချက်သည် ကျွနု်ပ်တို့ စုဆောင်းသည့် အချက်အလက်များအတွက် အကျိုးသက်ရောက်သည်ကို အသိပေးပါသည်။

  • ဤဝက်ဘ်ဆိုဒ်သို့ သင် သွားရောက်သည့်အခါ
  • ကျွနု်ပ်တို့၏စတူဒီယိုသို့ သင် သွားရောက်သည့်အခါ
  • သင်၏အချက်အလက်များ ကျွနု်ပ်တို့ထံသို့ တင်သွင်းသည့်အခါ
  • သုံးစွဲသူအကောင့် ဖန်တီးသောအခါ သို့မဟုတ် သုံးစွဲသူပရိုဖိုင်းကို သုံးသောအခါ
  • ကျွနု်ပ်တို့က သင့်ထံသို့ အီးမေးလ် သို့မဟုတ် အခြားသောနည်းလမ်းများမှတစ်ဆင့် ဆက်သွယ်သောအခါ
  • ကျွနု်ပ်တို့၏ဝန်ဆောင်မှုများပေးရန် ကျွနု်ပ်တို့နှင့်အတူ အလုပ်လုပ်သော ကြားခံပါတီများမှတစ်ဆင့်လာသောအခါ 
  • ကျွနု်ပ်တို့၏ဝန်ဆောင်မှုများကို သင်အသုံးပြုစဉ်ကာလအတွင်း အခြားသောလမ်းကြောင်းများမှတစ်ဆင့် လာသောအခါ

ဤကြေညာချက်သည် ကျမ်းစာပရောဂျက်မှ လုပ်ဆောင်ခြင်းမရှိသည့် အခြားနည်းလမ်းများဖြစ်သော မိုဘိုင်းလ်အက်ပလီကေးရှင်းများ၊ အခြားပါဝင်မှုများ သို့မဟုတ် ဝက်ဘ်ဆိုဒ်များမှတဆင့် သင်၏အချက်အလက်များကို စုဆောင်းခြင်းတို့အတွက် အကျုံးမဝင်ပါ။

ဥပဒေဆိုင်ရာ အခြေခံအချက်များ

ကျွနု်ပ်တို့သည် သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို (က)  သင်၏သဘောတူညီချက်ဖြင့် သက်ဆိုင်သောအခါမှသာ (ခ) ကျွနု်ပ်တို့ဖက်မှ တရားဝင်လုပ်ဆောင်သင့်သည့်အခါမှသာ စုဆောင်းသွားမည်ဖြစ်ပါသည်။ သင်၏သဘောတူခွင့်ပြုချက်ကို အခြေခံပြီး  သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကျွနု်ပ်တို့ စုဆောင်း သို့မဟုတ် အသုံးပြုခဲ့လျှင်  အပြောင်းအလဲများကို သင့်ထံအကြောင်းကြား၍ လိုအပ်သလို သင်၏နောက်ထပ် သင့်သဘောတူခွင့်ပြုချက်ကို တောင်းခံသွားမည်ဖြစ်သည်။

ကလေးများ၏ ကိုယ်ရေးကိုယ်တာကို လျှို့ဝှက်ထားခြင်း

ကလေးများ၏ကိုယ်ရေးကိုယ်တာအချက်နှင့်စပ်လျဉ်း၍   ကိုယ်ရေးကိုယ်တာအချက်လျှို့ဝှက်ထားခြင်းကို ပုံမှန်ထက်တိုးချဲ့လုပ်ဆောင်ရန် လိုအပ်ကြောင်းကို ကျမ်းစာပရောဂျက်မှ အသိမှတ်ပြုလက်ခံထားပါသည်။ အသက် ၁၆ နှစ်အောက် ကလေးများ၏ မည်သည့်အချက်အလက်များကိုမဆို ၎င်းတို့၏မိဘများ သို့မဟုတ် အုပ်ထိန်းသူ၏ သဘောတူခွင့်ပြုချက်မပါပဲ သိသိကြီးနှင့်စုဆောင်းခြင်း ကျွနု်ပ်တို့ မလုပ်ပါ။ အသက် ၁၆ နှစ်အောက် ကလေးသည် ဝက်ဘ်ဆိုဒ်တွင် မှတ်ပုံတင်စာရင်းသွင်းလိုသော ဆန္ဒရှိပါက  ကလေး၏ မှတ်ပုံတင်စာရင်းသွင်းခြင်းကို အသက်မသွင်းမီ ကျမ်းစာပရောဂျက်သည် ကလေးမိဘ သို့မဟုတ် အုပ်ထိန်းသူမှ  ဤမှတ်ပုံတင်စာရင်းသွင်းခြင်းအတွက် သဘောတူခွင့်ပြုကြောင်းကို ကျွနု်ပ်တို့ထံ အီးမေးလ်မှတစ်ဆင့် အတည်ပြုပြီးမှသာ လုပ်ဆောင်ပါသည်။ ကျမ်းစာပရောဂျက်သည် ကလေး၏မှတ်ပုံတင်စာရင်းသွင်းခြင်းတောင်းဆိုမှုအတွက် မိဘ သို့မဟုတ် အုပ်ထိန်းသူ၏ သဘောတူခွင့်ပြုချက်ကို ၂၄ နာရီအတွင်းမရရှိပါက ၎င်းတို့မှတ်ပုံတင်စာရင်းသွင်းရာတွင် တောင်းဆိုထားသည့် မည်သည့်ကိုယ်ရေးကိုယ်တာအချက်လက်များကိုမဆို ကျွနု်ပ်တို့မှ ပယ်ဖျက်သွားပါမည်။ သင်သည် အသက် ၁၆ နှစ်အောက်ဖြစ်ပြီး သင်၏မိဘ သို့မဟုတ် အုပ်ထိန်းသူက ကျွနု်ပ်တို့၏ဝက်ဘ်ဆိုဒ်တွင် မှတ်ပုံတင်စာရင်းသွင်းခြင်းကို ပြီးစီးအောင်ပြုလုပ်၍ သဘောတူခြင်းအဆင့်ကို မလုပ်ပါက ကျမ်းစာပရောဂျက်အနေဖြင့် သင့်အား ဤဝက်ဘ်ဆိုဒ်ကို အသုံးမပြုရန်၊ ဝက်ဘ်ဆိုဒ်မှတစ်ဆင့် ဝယ်ယူခြင်း သို့မဟုတ် လှူဒါန်းခြင်းမပြုလုပ်ရန်၊ ဝက်ဘ်ဆိုဒ်တွင် အပြန်အလှန်ပြောဆိုတုံ့ပြန်ခြင်း သို့မဟုတ် အများမြင်နေရာများတွင် ထင်မြင်ချက်ပေးခြင်းများကို မပြုလုပ်ရန်၊ သို့မဟုတ် ကျမ်းစာပရောဂျက် အား ကိုယ်ရေးကိုယ်တာအချက်အလက်များမပေးရန် ညွှန်ကြားလိုပါသည်။

ကျမ်းစာပရောဂျက်သည် 501 (c)(3) ဖြစ်သော အကျိုးအမြတ်မယူသည့်အဖွဲ့အစည်းဖြစ်ပြီး ကလေးများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များလျှို့ဝှက်ခြင်းဆိုင်ရာ ကာကွယ်ပေးသော ဥပဒေမှ ကင်းလွတ်ခွင့်ရသည်။ သို့သော် ကျွနု်ပ်တို့တင်ဆက်သောအရာများကို ဗဟုသုတရသည်ဟုမြင်သည့်ကလေးများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များအားလျှို့ဝှက်ခြင်းကို ကျမ်းစာပရောဂျက်မှ တန်ဖိုးထားပါသည်။ ကိုယ်ရေးကိုယ်တာအချက်အလက်များ လျှို့ဝှက်ထားခြင်းဆိုင်ရာ အသိပေးကြေညာချက်တွင်ပါသော ပြဌာန်းချက်များအားလုံးသည် ကလေးများအပါအဝင် ဤဆိုဒ်ကိုအသုံးပြုသူအားလုံးတွင် အကျိုးသက်ရောက်မှုရှိသည်။ အသက်ငယ်သော လေ့လာသူများသည် ဝက်ဘ်ဆိုဒ် သို့မဟုတ် မိုဘိုင်းလ်ဖုန်း အက်ပလီကေးရှင်းများတွင် အချက်အလက်များ မမျှဝေမီ မိမိ၏မိဘများ သို့မဟုတ် အုပ်ထိန်းသူများနှင့် အမြဲ စစ်ဆေးသင့်သည်။ ထို့အပြင် အွန်လိုင်းတွင် ကိုယ်ရေးကိုယ်တာအချက်အလက်များ မျှဝေခြင်းနှင့်စပ်လျဉ်းသော မိသားစု၏လမ်းညွှန်ချက်များကို မိသားစုအချင်းချင်း ဆွေးနွေးရန် တိုက်တွန်းပါသည်။

အသက် ၁၆ နှစ်အောက် ကလေး၏အချက်အလက်များကို မိဘ သို့မဟုတ် အုပ်ထိန်းသူ၏သဘောတူခွင့်ပြုချက်မပါပဲ ကျမ်းစာပရောဂျက်မှ ရယူထားသည်ဟု သင်ယုံကြည်ပါက သို့မဟုတ် သင့်ကလေး၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို သင် ပြန်လည်ဆန်းစစ်လိုပါက သို့မဟုတ် ပယ်ဖျက်ရန် တောင်းဆိုလိုပါက ကျွနု်ပ်တို့ကို webmaster@jointhebibleproject.com သို့မဟုတ် ၈၅၅၇၀၀-၉၁၀၉ တွင် ဆက်သွယ်နိုင်ပါသည်။ 

 သင်၏ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကျွနု်ပ်တို့ စုဆောင်းပုံနှင့် အသုံးပြုပုံ

သင် ကျွနု်ပ်တို့၏ ဝက်ဘ်ဆိုဒ် သို့မဟုတ် စတူဒီယိုအား လေ့လာသည့်အခါတွင် ကျွနု်ပ်တို့သည် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်အချို့ကို ရယူစုဆောင်းပါသည်။ ဤအချက်အလက်များကို ကျွနု်ပ်တို့စုဆောင်းပါသည်။

  • သင်က ကျွန်ုပ်တို့ကိုပေးသောအခါ သင့်ဆီမှ တိုက်ရိုက်ရယူသည်။
  • သင် ဝက်ဘ်ဆိုဒ်တွင်  သွားလာသောအခါ အလိုအလျောက် ရယူသည်။
  • ကြားခံအဖွဲ့အစည်း ဝက်ဘ်ဆိုဒ်များပါဝင်သော ကြားခံအဖွဲ့အစည်းများမှ

အချို့သော ဝန်ဆောင်မှုများ၊ ကမ်းလှမ်းချက်များနှင့် ကျွနု်ပ်တို့ဝက်ဘ်ဆိုဒ်၏ တစ်စိတ်တစ်ပိုင်းအချို့ကို သင် ကျွနု်ပ်တို့ထံ မှတ်ပုံတင်စာရင်းသွင်းထားမှသာ သုံးခွင့်ရမည်ဖြစ်ကြောင်း ဂရုပြုပါ။ ကျွနု်ပ်တို့၏ဝန်ဆောင်မှုများကို ရယူရန်အတွက် ကျွနု်ပ်တို့ထံ သင်၏အချက်အလက်များကို အနည်းဆုံးလိုအပ်သည်အထိသာ ပေးခြင်းဖြင့် ကန့်သတ်ထားနိုင်ပါသည်။ ထို့အပြင် ကျမ်းစာပရောဂျက်အား ဆက်သွယ်ပြီး ကျွနု်ပ်တို့ဆီမှာ ရှိသော သင်၏အချက်အလက်များကို အချိန်မရွေး ပြင်ဆင်စေနိုင်ပါသည်။ သို့သော်လည်း သင်၏ကိုယ်ရေးအချက်အလက်များကို ကျွနု်ပ်တို့အားပေးရန် ငြင်းဆိုပါက သို့မဟုတ် နောက်ပိုင်း၌ သင်၏ဘဘောတူခွင့်ပြုချက်ကို ရုပ်သိမ်းပါက ကျွနု်ပ်တို့သည် သင်နှင့် အဆက်အသွယ်ပြုလုပ်နိုင်မည်မဟုတ်ကြောင်း သို့မဟုတ် သင့်အား ကျွနု်ပ်တို့၏ဝန်ဆောင်မှုများ မပေးနိုင်ဖို့ အများကြီးဖြစ်နိုင်ချေရှိကြောင်းကို မှတ်သားစေလိုပါသည်။

ကျွနု်ပ်တို့အား သင်ပေးသော အချက်အလက်များ

သင် ကျွနု်ပ်တို့ စတူဒီယိုသို့ လူကိုယ်တိုင်လာသောအခါ သို့မဟုတ် ဝက်ဘ်ဆိုဒ်မှတစ်ဆင့် ဆက်သွယ်သောအခါတွင် သင်၏သဘောတူညီချက်ဖြင့် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကျွနု်ပ်တို့ စုဆောင်းပါသည်။ သင် ကျွနု်ပ်တို့အားပေးသော ကိုယ်ရေးကိုယ်တာအချက်အလက်များတွင် ပါဝင်သည်များမှာ

  • ဆက်သွယ်မှုဆိုင်ရာ အချက်အလက်များ - ကျွနု်ပ်တို့သည် သင်၏နာမည်၊ ဖုန်းနံပါတ်၊ အီးမေးလ် နှင့် လိပ်စာတို့ကို သင် ကျွနု်ပ်တို့၏ဝက်ဘ်ဆိုဒ်တွင် အီလက်ထရောနစ် ပုံစံကို ဖြည့်ပြီး အပ်နှံသည့်အခါ၌ စုဆောင်းရယူပါသည်။ ဤအချက်အလက်များကို ကျွနု်ပ်တို့၏ဝက်ဘ်ဆိုဒ်အသုံးပြုစေဖို့သင့်အားမှတ်ပုံတင်သွင်းရန်၊ သင့်ထံသို့ သတင်းစာများ ပေးပို့ရန်၊ သင့်အား သတင်းအချက်အလက်၊ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများပေးရန် အသုံးပြုပါသည်။ ကျွနု်ပ်တို့၏ဝက်ဘ်ဆိုဒ်နှင့်ဆိုင်သည့် ပြဿနာရပ်များကို သင်တင်ပြသောအခါတွင်လည်း သင်၏အချက်အလက်များကို ကျွနု်ပ်တို့ သင့်အားမေးမြန်းနိုင်ပါသည်။
  • အသုံးပြုသူထုတ်လုပ်ခဲ့သည့် အကြောင်းအရာ - ကျွနု်ပ်တို့ ၏ဝက်ဘ်ဆိုဒ်တွင်  သင့်အားထင်မြင်ချက်ပေးခြင်း၊ ဓာတ်ပုံတင်ခြင်း နှင့်အခြားအကြောင်းအရာများကို တင်ခွင့်ပေးသည့် အင်္ဂါရပ်များပါဝင်ပြီး ၄င်းတို့သည်  ကျွနု်ပ်တို့၏ အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များအောက်တွင် ရှိသည်။  ထိုအင်္ဂါရပ်များသုံးခြင်း၊ မသုံးခြင်းမှာ သင်၏ဆုံးဖြတ်ချက်သာဖြစ်ပြီး သင်ပို့စ်တင်ထားသည့် အချက်အလက်များ  သို့မဟုတ် အကြောင်းအရာများသည် သင်၏ဆန္ဒအလျောက် တင်ခြင်းသာဖြစ်သည်။ သင်သည် အသုံးပြုသူထုတ်လုပ်သည့်အကြောင်းအရာကို ပို့စ်တင်ခဲ့လျှင် သို့မဟုတ် ကျွနု်ပ်တို့အား ဆက်သွယ်ခဲ့လျှင်ကျွနု်ပ်တို့သည် သင်နှင့်ဆက်သွယ်ခြင်းများ (အီးမေးလ်လိပ်စာ အပါအဝင်) ကို မှတ်တမ်းတင်၍ ကော်ပီများကို ထိန်းသိမ်းထားပါမည်။ 
  • ငွေပေးချေမှုဆိုင်ရာအချက်အလက်များ - ကျွနု်ပ်တို့သည် ကျွနု်ပ်တို့၏ဝက်ဘ်ဆိုဒ်မှတစ်ဆင့်ပေးချေသော ငွေများနှင့် လှူဒါန်းငွေများကို လက်ခံပါသည်။  ငွေပေးချေမှုများကို ကိုင်တွယ်ရာတွင် ကျွနု်ပ်တို့သည် ငွေပေးချေမှုလုပ်ပေးသူ ကြားခံအဖွဲ့အစည်း Stripe ကို အသုံးပြုပါသည်။ အွန်လိုင်းမှတစ်ဆင့် ငွေပေးချေသောအခါ  ဝက်ဘ်ဆိုဒ်သည် သင့်အား ကျမ်းစာပရောဂျက်၏ Stripe ငွေပေးချေမှုဆိုဒ်ထံသို့ သွားရောက်ရန် ထပ်မံလမ်းညွှန်ပေးလိမ့်မည်။ Stripe သည် PCI စည်းမျဉ်းအရလုပ်ဆောင်သည့် အွန်လိုင်းငွေပေးချေမှုလုပ်ငန်း ဝန်ဆောင်မှုများကို ပေးသည်။ ကျမ်းစာပရောဂျက်သည် ငွေပေးချေမှုဆိုင်ရာ အချက်အလက်များကို စုဆောင်းခြင်း၊ ပြုပြင်ခြင်းနှင့် သိမ်းဆည်းခြင်းတို့ကို မပြလုပ်ပါ။ သို့သော် ကျွနု်ပ်တို့သည် ကျွနု်ပ်တို့၏ ဝက်ဘ်ဆိုဒ်မှတစ်ဆင့် သင်လုပ်ဆောင်သွားသော ရောင်းဝယ်မှုမှတ်တမ်းများနှင့် သင်၏အော်ဒါမှာယူမှု ပြီးစီးကြောင်း မှတ်တမ်းများကို သိမ်းဆည်းထားမည် ဖြစ်ပါသည်။ ကျွနု်ပ်တို့သည် အော်ဒါမှာယူမှုကို ဆောင်ရွက်ပေးရာတွင် အခက်အခဲရှိပါက သင်၏ ဆက်သွယ်ရေးအချက်အလက်များကို အသုံးပြုပြီး သင့်အားဆက်သွယ်သွားပါမည်။
  • လူကိုယ်တိုင်ပေးသော အချက်အလက်များ - သင် ကျမ်းစာပရောဂျက်၏ စတူဒီယိုသို့ သွားရောက်လည်ပတ်သည့်အခါ ကျွနု်ပ်တို့သည် သင့်အား လာရောက်လည်ပတ်သူစာရင်းပုံစံဖြည့်ရန် တောင်းဆိုသွားမည်ဖြစ်သည့်အပြင် သင် အဆောက်အဦးထဲသို့ဝင်သောအခါ သို့မဟုတ် ပြန်ထွက်သည့်အခါ  ထိုနေရာတွင်ထားရှိသော ကင်မရာများဖြင့် သင်၏ဓာတ်ပုံကိုရိုက်ယူထားမည်ဖြစ်သည်။ ကျွနု်ပ်တို့သည် ဤအချက်အလက်များကို ကျွနု်ပ်တို့၏ ဝန်ထမ်းများနှင့် လာရောက်သူများ၏ လုံခြုံရေးကိုထိန်းသိမ်းပေးရန်အတွက် စုဆောင်းခြင်းဖြစ်သည်။ ထို့အပြင် သင်၏လာရောက်လည်ပတ်ရခြင်း၏ ရည်ရွယ်ချက်ပေါ်မူတည်ပြီး အခြားလိုအပ်သည့် ပုံစံများကို ဖြည့်စွက်ရန် ကျွနု်ပ်တို့ တောင်းဆိုသွားပါမည်။ ကျွနု်ပ်တို့သည် ပုံစံများကိုစုဆောင်းသည့်အချိန်တွင် ထိုပုံစံဖြည့်ခိုင်းရခြင်း၏ရည်ရွယ်ချက်ကို အသိပေးသွားမည် ဖြစ်ပါသည်။

အလိုအလျောက် အချက်အလက် စုဆောင်းခြင်းနည်းပညာများမှတဆင့် ကျွနု်ပ်တို့စုဆောင်းရရှိသည့် အချက်အလက်များ

ကျွနု်ပ်တို့ ဝက်ဘ်ဆိုဒ်တွင် သင် သွားလာ၍ တုံ့ပြန်မှုပြုသည့်အခါ   သင်၏ကရိယာဆိုင်ရာ အချက်အလက်အချို့၊ အင်တာနက်ပေါ်၌ သင်၏လုပ်ဆောင်ချက်များနှင့် ပုံစံများအား ဝက်ဘ်ဆိုဒ် စိစစ်ခြင်းစနစ်များကဲ့သို့သော အလို အလျောက် အချက်အလက်များစုဆောင်းခြင်း နည်းပညာများကို အသုံးပြု၍ စုဆောင်းသွားမည်ဖြစ်သည်။ ကျွနု်ပ်တို့သည် ဤအချက်အလက်များကို စုဆောင်းရာတွင်ကျွနု်ပ်တို့၏ တရားဝင်လုပ်ပိုင်ခွင့်များအတိုင်း ဝက်ဘ်ဆိုဒ်ကို တိုးတက်ကောင်းမွန်လာစေရန်နှင့် ထိန်းသိမ်းရန်၊ ကျွနု်ပ်တို့၏ အများဆီရောက်ရှိနိုင်စွမ်းနှင့် ဈေးကွက်တင်ရောင်းချရန်ကြိုးပမ်းမှု၏ရလဒ်ကို တိုင်းတာရန် စုဆောင်းခြင်းဖြစ်သည်။ အလိုအလျောက် အချက်အလက် စုဆောင်းခြင်းနည်းပညာများမှတစ်ဆင့် ကျွနု်ပ်တို့ စုဆောင်းထားသော အချက်အလက်များတွင် ပါဝင်သည်များမှာ

  • မှတ်တမ်းရေးသွင်းထားသော ဖိုင်များ - ကျွနု်ပ်တို့သည် သင်၏ကွန်ပျူတာမှ ကူးလူးအသုံးပြုနေသောအချက် အလက်များ၊ တည်နေရာပြအချက်အလက်များ၊မှတ်တမ်းများနှင့် အခြားသော ဆက်သွယ်ရေးဆိုင်ရာ အချက် အလက်များပါဝင်သည့် ထင်ရှားမှုမရှိသော အချက် အလက်များနှင့် နည်းပညာဆိုင်ရာ အချက်အလက်များ အပြင် သင်ဝက်ဘ်ဆိုဒ်တွင် ရယူအသုံးပြုသော အရင်း အမြစ်များကို စုဆောင်းပါသည်။ ကျွနု်ပ်တို့သည် သင်၏ကွန်ပျူတာ၊ စက်ပစ္စည်းနှင့် သင့် IP address၊ လုပ်ဆောင်မှုစနစ်၊ စက်ပစ္စည်းအမျိုးအစားနှင့်  အင်တာနက်ဝက်ပေ့ချ်များကို ဖတ်ရန်အသုံးပြုသော ပရိုဂရမ်ပုံစံ စသည်တို့ ပါဝင်သည့် အင်တာနက်လိုင်းဆက်သွယ်မှုတို့ကိုလည်း စုဆောင်းပါသည်။  ကျွနု်ပ်တို့သည် သင့်အား မဖော်ထုတ်စေနိုင်ရန်အတွက် ဤအချက်အလက်များကို အမည်မဲ့ဖြစ်စေပြီး  ယင်းအချက်အလက်များအား သုံးစွဲသူ၏ အပြုအမူလုပ်ဆောင်ပုံကို ကြည့်ရှုကြပ်မတ်ရန်အတွက် အသုံးပြုပါသည်။ ကျွနု်ပ်တို့၏ သုံးစွဲသူများပမာဏနှင့် သုံးစွဲမှု ပုံစံကို ခန့်မှန်းရန်၊ သင်နှစ်သက်သည့်အကြောင်းအရာအချက်အလက်များကို သိမ်းထားရန်၊ သင်၏အသုံးပြုခြင်းအတွေ့အကြုံကို စိတ်ကြိုက်အထူးပြုလုပ်ပေးရန်၊ ရှာဖွေခြင်းဆိုင်ရာတုံ့ပြန်မှု အချိန် လျင်မြန်လာစေရန်နှင့် သင် ကျွနု်ပ်တို့၏ဝက်ဘ်ဆိုဒ်ကို ပြန်လည်ရောက်ရှိလာသည့်အခါ မှတ်မိနိုင်စေရန်အတွက်လည်း ဤအချက်အလက်များကို ကျွနု်ပ်တို့ အသုံးပြုသွားမည် ဖြစ်ပါသည်။ ထိုသို့ခွဲခြမ်းစိတ်ဖြာမှုများသည် ကျွနု်ပ်တို့၏ဝက်ဘ်ဆိုဒ် ပိုမိုတိုးတက်လာရေးနှင့် ပိုကောင်းပြီးတစ်ဦးချင်း၏အကြိုက်အလိုက် ဝန်ဆောင်မှုပေးရေးကို အထောက်အကူပြုပါသည်။
  • အီးမေးလ် - ကျွနု်ပ်တို့ အီးမေးလ်များတွင် လက်ခံရရှိသူမှ အီးမေးလ်အားလက်ခံရရှိခြင်းနှင့် ဖွင့်ကြည့်ခြင်း၊ အီးမေးလ်တွင်ပါရှိသော လင့်ခ်မှတဆင့်ကျွနု်ပ်တို့၏ဝက်ဘ်ဆိုဒ်ကို သွားရောက်ကြည့်ရှုခြင်းတို့အား မျက်ခြည်မပြတ်စောင့်ကြည့်ရန်အတွက် နောက်ယောင်ခံလိုက်နိုင်သော ကုဒ်များမြှုပ်နှံထားသည်။
  • ကွတ်ကီး -  စီးပွားဖြစ် ဝက်ဘ်ဆိုဒ်အများစုကဲ့သို့ ကျွနု်ပ်တို့သည်လည်း ကွတ်ကီးများကို ကျွနု်ပ်တို့၏ဝက်ဘ်ဆိုဒ်အားအသုံးပြုမှုများကို မျက်ခြည်မပျက်ခြေရာခံလိုက်ရန် အသုံးပြုသည်။ ကျွနု်ပ်တို့ ကွတ်ကီးများကို ည်သို့ အသုံးပြုကြောင်းကို ပိုမိုသိရှိစေရန်အတွက် ကွတ်ကီးကြေညာချက်ကို ကျေးဇူးပြု၍ ဖတ်ပါ။ 

ကျွနု်ပ်တို့ အလိုအလျောက်စုဆောင်းထားသော အချက်အလက်များတွင် ကိုယ်ရေးကိုယ်တာအချက်အလက်များပါဝင်နိုင်သည် သို့မဟုတ် ကျွနု်ပ်တို့သည် ယင်းအချက်အလက်များကို ထိန်းသိမ်းထားခြင်း သို့မဟုတ် ယင်းအချက်အလက်များကို  အခြား ကြားခံအဖွဲ့အစည်းမှ ကျွနု်ပ်တို့စုဆောင်းရရှိထားသောကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် ဆက်စပ်ကြည့်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ၄င်းတို့ကို ဆိုဒ်သို့ သွားကြည့်သူများနှင့် လိုင်းပေါ်တွင်သွားလာဆက်သွယ်ခြင်းတို့နှင့် စုပေါင်းထားသော ဤအချက်အလက်များထဲသို့လည်း ပေါင်းထည့်နိုင်ပါသည်။ ဤစာပိုဒ်တွင် ဖော်ပြခဲ့သည့်အတိုင်း ကျမ်းစာပရောဂျက်အား သင်၏ ထင်ရှားမှုမရှိသော အချက်အလက်များနှင့် နည်းပညာဆိုင်ရာ အချက်အလက်များကို စုဆောင်း၍ အသုံးပြုခြင်း မလုပ်စေလိုပါက ဝက်ဘ်ဆိုဒ်အသုံးပြုခြင်းကို ချက်ချင်းရပ်တန့်ပြီး "သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ထိန်းချုပ်ခြင်း" အောက်၌ဖေါ်ပြထားသည့်အတိုင်း ကျွနု်ပ်တို့အား ဆက်သွယ်နိုင်ပါသည်။

အခြားဝက်ဘ်ဆိုဒ်များမှ ကျွနု်ပ်တို့ စုဆောင်းသော အချက်အလက်များ 

ကျမ်းစာပရောဂျက်သည် ကျွနု်ပ်တို့၏ဆိုရှယ်မီဒီယာကြော်ငြာများနှင့် ပို့စ်များ၏ ထိရောက်မှုအားကို  ကျွနု်ပ်တို့၏တရားဝင်လုပ်ပိုင်ခွင့်အရတိုင်းတာရန်အတွက်   ဆိုရှယ်ကွန်ယက်ဆိုဒ်များ (ဥပမာ - Facebook ၊ Youtube သို့မဟုတ် Twitter) မှ ရောက်ရှိလာသော အသုံးပြုသူအရေအတွက်ကို မျက်ခြည်မပျက် ခြေရာခံပါသည်။ ဆိုရှယ်ကွန်ယက်ဆိုဒ်များမှ ကျွနု်ပ်တို့၏ဝက်ဘ်ဆိုဒ်သို့ဝင်ရောက်လျှင် သို့မဟုတ်  ကျွနု်ပ်တို့၌ရှိသော သင်၏အကောင့်ကို ဆိုရှယ်ကွန်ယက်ဆိုဒ်တစ်ခုနှင့်   တွဲဖက်ရန် သင်သဘောတူညီခဲ့လျှင် ထိုသို့သောဆိုရှယ်ကွန်ယက်ဆိုဒ်ထံမှသင်၏ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကျွနု်ပ်တို့ လက်ခံရရှိပါသည်။ ဆိုရှယ်မီဒီယာဆိုဒ်များမှ ကျွနု်ပ်တို့ လက်ခံရရှိသော ကိုယ်ရေးကိုယ်တာအချက်အလက်များကို BP မှ ထိန်းချုပ်ခြင်း သို့မဟုတ် ကြီးကြပ်ခြင်းပြုမည်မဟုတ်ကြောင်း ကျေးဇူးပြု၍ မှတ်သားထားပါ။ ဆိုရှယ်မီဒီယာဆိုဒ်မှ သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို စုဆောင်း၍ထိန်းသိမ်းပုံနှင့်စပ်လျဉ်းသော မေးခွန်းများကို  ယင်းဆိုရှယ်မီဒီယာဆိုဒ် လုပ်ဆောင်ပေးသူထံတွင် တိုက်ရိုက်မေးမြန်းသင့်ပါသည်။ ဤအချက်အလက်ကို သင့်ဆီမှ တိုက်ရိုက်ရရှိထားသော အချက်အလက်များနှင့်အတူ ကျွနု်ပ်တို့ ထိန်းသိမ်းထားနိုင်ပါသည်။

သင်၏အချက်အလက်များကို ကျွနု်ပ်တို့မှ အသုံးပြုနိုင်သည့် အခြားနည်းလမ်းများ

သင် သို့မဟုတ် သင့်အကြောင်း ကျွနု်ပ်တို့ရှိထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များကိုလည်း အောက်ပါတို့အတွက် ကျွနု်ပ်တို့ အသုံးပြုနိုင်သည်။

  • ကျွနု်ပ်တို့၏ ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဖွံ့ဖြိုးစေရန်နှင့် တိုးတက်ကောင်းမွန်စေရန်
  • ကျွနု်ပ်တို့ ဝက်ဘ်ဆိုဒ်နှင့် ၎င်း၏အကြောင်းရာများကို သင့်ထံ တင်ပြရန်
  • ကျွနု်ပ်တို့ထံတွင် သင်တောင်းဆိုထားသည့်အချက်အလက်များ၊ ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို ပေးရန်
  • ၄င်းကို သင် ပေးထားရခြင်း၏ရည်ရွယ်ချက်ကို ဆောင်ရွက်ပြည့်ဝစေရန်
  • ကျွနု်ပ်တို့ တာဝန်များကို အကောင်အထည်ဖော်ဆောင်ရန်နှင့် ငွေပေးဆောင်ခြင်းနှင့် စုဆောင်းခြင်းအပါအဝင်  သင်နှင့် ကျွနု်ပ်တို့ကြားရှိ ချုပ်ဆိုသောစာချုပ်များပါ ကျွနု်ပ်တို့၏လုပ်ပိုင်ခွင့်များကို ကျင့်သုံးရန်
  • ကျွနု်ပ်တို့၏ ဝက်ဘ်ဆိုဒ် သို့မဟုတ် ဝက်ဘ်ဆိုဒ်မှတစ်ဆင့် ကျွနု်ပ်တို့ပေးသော ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများတွင်အပြောင်းအလဲ များရှိပါက သင့်အား အသိပေးအကြောင်းကြားရန်
  • ကျွနု်ပ်တို့ ဝက်ဘ်ဆိုဒ်ရှိ တုံ့ပြန်သောအင်္ဂါရပ်များတွင် သင့်အားပါဝင်အသုံးပြုခွင့်ပေးရန်
  • သင်၏ကိုယ်ရေးကိုယ်တာအချက်ကို ကာကွယ်ရန်နှင့် ဤကိုယ်ရေးကိုယ်တာအချက်အလက်များ  လျှို့ဝှက်ထားခြင်းဆိုင်ရာ အသိပေးကြေညာချက်အတိုင်း လုပ်ဆောင်ရန်
  • ကျွနု်ပ်တို့၏လုပ်ပိုင်ခွင့်နှင့် ပိုင်ဆိုင်မှုကို ကာကွယ်ရန်
  • သင့်အားဖြစ်စေ၊ ကျမ်းစာပရောဂျက်အားဖြစ်စေ၊သို့မဟုတ် အခြားသူများကိုဖြစ်စေ ထိခိုက်အောင်ပြုလုပ်သော သူများ သို့မဟုတ် အဖွဲ့အစည်းများကို ဖော်ထုတ်ပြီး ဆက်သွယ်ရန် သို့မဟုတ်  တရားရေးအရဆောင်ရွက်ရန် သို့မဟုတ် ဥပဒေ၊ စည်းမျဉ်း၊ တရားရေးလုပ်ငန်းစဉ်  သို့မဟုတ် တရားရုံးအမိန့်နှင့်အညီ လုပ်ဆောင်ရန် လိုအပ်သည်ဟု ကျွနု်ပ်တို့ယုံကြည်ပါသည်။ 
  • အချက်အလက်များကို သင်ပေးသောအခါတွင် ကျွနု်ပ်တို့သည် အခြားသောနည်းလမ်းဖြင့်ဖေါ်ပြနိုင်သည်။
  • အခြားသောရည်ရွယ်ချက်အတွက် သင့်သဘောတူခွင့်ပြုချက်ဖြင့်

ကျမ်းစာပရောဂျက်သည် သင်စိတ်ဝင်စားနိုင်မည့်ကြော်ငြာများ သို့မဟုတ် ကမ်းလှမ်းကို ဖေါ်ထုတ်ရန်အတွက် သင်၏ကိုယ်ရေးအချက်အလက် သို့မဟုတ် ဝက်ဘ်ဆိုဒ်၌သင်၏လုပ်ရပ်များကို (ဥပမာ  ကလစ်နှိပ်သည့်အချက်အလက်၊ ရှာသည့်အမျိုးအစား၊ အချိန်၊ နေ့စွဲ၊ နှိပ်သည့်အကြောင်းအရာ သို့မဟုတ် အကြမ်းဖျင်း ကြည့်ခြင်း) စုဆောင်း၍ခွဲခြမ်းစိတ်ဖြာရန် ကွက်ကီး သို့မဟုတ် ကြားခံအဖွဲ့အစည်း၏ဝက်ဘ်ဆိုဒ်ကို အသုံးပြုသည်။ ကျမ်းစာပရောဂျက်အား သင်၏အွန်လိုင်းသုံးအလေ့အထကို အခြေခံ၍ သင့်အတွက်ရည်စူးသည့်အကြောင်းအရာ သို့မဟုတ် ကြော်ငြာများပေးရန် သင်၏အချက်အလက်များကို အသုံးမပြုစေလိုပါက "အဆက်အသွယ်မလုပ်ရန် ရွေးချယ်ခြင်း" ၌ပါသောလမ်းညွှန်ချက်များကို အသုံးပြု၍ အွန်လိုင်းအလေ့အခြေပြုကြော်ငြာများမှ နှုတ်ထွက်နိုင်သည်။ 

ကြားခံအဖွဲ့အစည်းများမှရသော သင်၏အချက်အလက်များနှင့် ကျွနု်ပ်တို့ ဝန်ဆောင်မှုများမှရရှိသော သင်၏ အချက်အလက်အများကို ကျွနု်ပ်တို့ ပေါင်းစည်းမည် ဖြစ်ပါသည်။ ကန့်သတ်ခြင်းမဟုတ်သော ဥပမာတစ်ခုအနေဖြင့် ကျွနု်ပ်တို့၏မှတ်တမ်း၌သင်၏အကောင့်သည် တိကျမှန်ကန်စေရန်အတွက် လိပ်စာအပြောင်းအလဲ  သို့မဟုတ် အခြားသော ဝန်ဆောင်မှုစာရင်းတို့ကို အသုံးပြုမည်ဖြစ် သည်။

သင်၏အချက်အလက်များ ထုတ်ဖော်ခြင်း

ကျမ်းစာပရောဂျက်သည် သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို မည်သည့် ကြားခံအဖွဲ့အစည်းထံသို့မှ ရောင်းချမည် မဟုတ်ပါ။ ဤကိုယ်ရေးကိုယ်တာအချက်အလက်များ  လျှို့ဝှက်ထားခြင်းဆိုင်ရာ အသိပေးကြေညာချက်တွင် ဖော်ပြထားသည့်အတိုင်း ကျွနု်ပ်တို့စုဆောင်းထားသော သို့မဟုတ် သင်ပေးထားသော သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဖော်ပြကောင်းဖော်ပြနိုင်ပါသည်။

  • ကျွနု်ပ်တို့၏ လက်အောက်ခံအဖွဲ့အစည်းများနှင့် ကျွနု်ပ်တို့နှင့် ဆက်စပ်နေသောအဖွဲ့အစည်းများ
  • ကန်ထရိုက်တာများ၊ ငွေပေးချေမှုလုပ်ဆောင်သူများ၊ ဝန်ဆောင်မှုပေးသူများနှင့် ကျွနု်ပ်တို့လုပ်ငန်းအားထောက်ကူပေးနေသော အခြားကြားခံအဖွဲ့အစည်းများ
  • ကုမ္ပဏီချင်းပေါင်းခြင်း၊ ကုမ္ပဏီရောင်းချခြင်း၊ ပြန်လည်တည်ဆောက်ခြင်း၊ ပြန်လည်ဖွဲ့စည်းခြင်း၊ ဖျက်သိမ်းခြင်း၊ သို့မဟုတ် ကျမ်းစာပရောဂျက်၏ပိုင်ဆိုင်ပစ္စည်းများအားလုံးအား အခြားရောင်းချခြင်း သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို လွဲပြောင်းခြင်း သို့မဟုတ် ဒေဝါလီခံရခြင်း၊ အကြွေးဆပ်ရခြင်း၊ သို့မဟုတ် အလားတူဆောင်ရွက်ခြင်းများရှိခဲ့ပါက ဝယ်ယူသူ သို့မဟုတ် ဆက်ခံသူအား ကျမ်းစာပရောဂျက်မှ ထိန်းသိမ်းထားသော ဝက်ဘ်ဆိုဒ်အသုံးပြုသူများ၏ ကိုယ်ရေးကိုတာအချက်အလက်များကို လွှဲပြောင်းပေးခြင်း။
  • ကျွနု်ပ်တို့၏ကြော်ငြာနှင့် Google Analytics ကဲ့သို့သော စိစစ်ပေးသောအဖွဲများ ထို ကြားခံအဖွဲ့အစည်း ကုမ္ပဏီများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ  လျှို့ဝှက်ထားခြင်းဆိုင်ရာ အသိပေးကြေညာချက်သည် ၎င်းတို့မှပြုလုပ်သော သင်၏ အချက်အလက်များကို စုဆောင်းခြင်း၊ အသုံးပြုခြင်းနှင့် ထုတ်ဖော်ခြင်းများတွင် အကျိုးသက်ရောက်သည်။ လေ့လာခြင်းနှင့်/သို့မဟုတ် စိစစ်ခြင်းပြုလုပ်ရန်ရည်ရွက်ချက်ဖြင့် အခြားသော စာသုံးသူများ၏အချက်လက်များကို သင်၏အချက်အလက်များနှင့် ယင်းကြားခံအဖွဲ့အစည်းများမှ ပေါင်းစည်းသွားမည်ဖြစ်သည်။ ပိုမို သိရှိလိုပါက Google Analytics Opt-our Browser Add-on သို့ ကျေးဇူးပြု၍ သွားရောက်နိုင်  ပါသည်။
  • သင်ပေးထားသောအချက်အလက်များကို ရည်ရွယ်ချက်အတိုင်း  ကျွေပွန်အောင်ဆောင်ရွက်ရန်။ ဥပမာအားဖြင့် ကျွနု်ပ်၏တို့ ဝက်ဘ်ဆိုဒ်မှ "သူငယ်ချင်းထံသို့ အီးမေးလ်ပို့ပါ" ဆိုသော အစီအစဉ်ကို အသုံးပြုရန်အတွက် သင်၏အီးမေးလ်လိပ်စာအား ကျွန်ုပ်တို့ကိုပေးလျှင် ၎င်းအီးမေးလ်၏အကြောင်းအရာများနှင့် သင်၏အီးမေးလ်လိပ်စာကို လက်ခံသူများထံသို တစ်ဆင့်ပေးပို့မည် ဖြစ်ပါသည်။  
  • သင်ပေးထားသော အချက်အလက်များကို ကျွနု်ပ်တို့မှ အခြားသောရည်ရွယ်ချက်များအတွက် ဖော်ထုတ်ခြင်း
  • သင်၏သဘောတူခွင့်ပြုချက်နှင့်အတူ

ကျွနု်ပ်တို့သည် သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကိုလည်း ဖော်ပြသွားနိုင်ပါသည်။

  • အစိုးရတစ်ရပ်ရပ် သို့မဟုတ် စည်းမျဉ်းစည်းကမ်းရတောင်းဆိုမှုပါဝင်သော  တရားရုံးအမိန့်စာ၊ ဥပဒေ၊ သို့မဟုတ် ဥပဒေဆိုင်ရာ လုပ်ငန်းစဉ်များကို လေးစားစွာတုံ့ပြန်မှု လုပ်ဆောင်ရန်
  • ကျွနု်ပ်တို့၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက်များနှင့် ငွေပေးဆောင်ခြင်းနှင့် စုဆောင်ခြင်းရည်ရွယ်ချက်များအပါအဝင် အခြားသဘောတူညီမှုများအတိုင်း အကျိုးသက်ရောက်စေရန်နှင့် အသုံးပြုရန်
  • ကျမ်းစာပရောဂျက်၊ ကျွနု်ပ်တို့၏ ဖေါက်သည်များ သို့မဟုတ် အခြားသောသူများ၏ လုပ်ပိုင်ခွင့်များ၊ ပိုင်ဆိုင်မှုများ သို့မဟုတ် လုံခြုံရေးကို ကာကွယ်ရန် ဖေါ်ထုတ်ခြင်းသည် သင့်လျော်သည် သို့မဟုတ် လိုအပ်သည်ဟု ကျွနု်ပ်တို့ယုံကြည်ပါလျှင်

ပေါင်းစည်းထားသော အချက်အလက်များ

ကျွနု်ပ်တို့သည် ပေါင်းစည်းထားသော သို့မဟုတ် မဖော်ထုတ်ထားသော အချက်အလက်များကို အကန့်အသတ်မရှိ မျှဝေသွားမည်ဖြစ်ပါသည်။ ကျွနု်ပ်တို့ မျှဝေသောအချက်အလက်များ သည် သင်မည်သူဖြစ်ကြောင်း သိသာစေမည် မဟုတ်ပါ။ သို့သော် ကြားခံအဖွဲ့အစည်းများသည် ၎င်းတို့ဆီတွင်ရှိသော သင်၏အချက်အလက်များ သို့မဟုတ် အခြားသော ကြားခံအဖွဲ့အစည်းများမှရသောအချက်အလက်များကို ဤပေါင်းစည်းထားသောအချက်အလက်များနှင့်အတူ စုပေါင်းစည်းလိုက်ခြင်းဖြင့် သင်မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်၍ရသွားနိုင်သည်။ 

သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ထိန်းချုပ်ခြင်း

သင်သည် ဥရောပအဖွဲ့အစည်း၌ နေထိုင်သူဖြစ်ပါက သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်နှင့် ဆက်စပ်၍ အခြားလုပ်ပိုင်ခွင့်များ သင့်မှာရှိသည်။ (၈၅၅) ၇၀၀-၉ ၁၉ ၀ ကို အခမဲ့ ဖုန်းဆက်ခြင်းဖြင့်ဖြစ်စေ၊webmster@jointhebibleproject.com ကို အီးမေးလ်ပို့ခြင်းဖြင့်ဖြစ်စေ ကျွနု်ပ်တို့ကိုဆက်သွယ်ပြီး ထိုလုပ်ပိုင်ခွင့်များကို သင်အသုံးချနိုင်ပါသည်၊ စိုးရိမ်မကင်းမှုများကို ဖော်ပြနိုင်သည် သို့မဟုတ် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များအသုံးပြုခြင်းနှင့်ဆိုင်သော အချက်အလက်များကို ထပ်မံတောင်းဆို ရယူနိုင်ပါသည်။

သင့်မှာရှိသော လုပ်ပိုင်ခွင့်မှာ  ဤအရာသည်သင့်အတွက် မည်သို့အဓိပ္ပါယ်ရကြောင်း သင် ဘာလုပ်၍ရကြောင်း

သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များအား မည်သို့ ဆောင်ရွက်သွားမည်ကို သိရှိထားပါ။ ကျွနု်ပ်တို့သည် ဤကိုယ်ရေးကိုယ်တာအချက်အလက်များ  လျှို့ဝှက်ထားခြင်းဆိုင်ရာ အသိပေးကြေညာချက်မှတစ်ဆင့် သင့်အား ကျွနု်ပ်တို့ သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို မည်သို့အသုံးပြုမည်ဖြစ်ကြောင်း၊ မည်သည့်ရည်ရွယ်ချက်အတွက် သုံးမည်ဖြစ်ကြောင်းနှင့် မည်သူက ဤအချက်အလက်များကို ရယူအသုံးပြုနိုင်ကြောင်းများကို အသိပေးအကြောင်းကြားမည်ဖြစ် သည်။ ဤကိုယ်ရေးကိုယ်တာအချက်အလက်များ  လျှို့ဝှက်ထားခြင်းဆိုင်ရာ အသိပေးကြေညာချက် ကျေးဇူးပြု၍ သေချာဂရုတစိုက်ဖတ်ပါ။ မေးမြန်းလိုမှုများရှိပါက ကျွနု်ပ်တို့အား ဆက်သွယ်နိုင်ပါသည်။ 

သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ရယူခြင်း တောင်းဆိုချက်ပေါ်မူတည်ပြီး ကျွနု်ပ်တို့မှာရှိသည့် သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို သင့်အားရယူခွင့်ပေးသွားမည်ဖြစ်ပါသည်။ ဆိုလိုသည်မှာ အမျိုးအစားကိုလိုက်ပြီး ကျွနု်ပ်တို့မှာရှိသော သင်၏အချက်အလက်များ၊ ကျွနု်ပ်တို့ မည်သို့စုဆောင်းပုံ၊ မည်သို့အသုံးပြုပုံနှင့် မည်သူမှ ၎င်းတို့အား ရယူနိုင်ပုံတို့ကို ဆိုလိုသည်။ ကျွနု်ပ်တို့ ဆောင်ရွက်နေသော သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကျွနု်ပ်တို့အနေဖြင့် ကော်ပီပေးရန် သင်တောင်းဆိုနိုင်ပါသည်။ အချို့သောကိစ္စရပ်များတွင်  ရယူအသုံးပြုခွင့်တောင်းမှု၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံးကို  ကျွနု်ပ်ဖက်မှ ဥပဒေအရ  ငြင်းပယ်နိုင်သည် သို့မဟုတ်  ငြင်းပယ်ရန် လိုအပ်သည်။

အချို့သောအခြေအနေများတွင် သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များလုပ်ဆောင်ခြင်းကို တားဆီးခြင်း ကျွနု်ပ်တို့သည် အချို့သောအခြေအနေများ၌ ဥပဒေအရ လိုအပ်သလောက် သင်၏ကိုယ်ရေးကိုယ်အတာအချက်အလက်များအား ကျွနု်ပ်တို့ပရောစက်ဆောင်ရွက်မှုများကို ကန့်သတ်သွားမည်ဖြစ်ပါသည်။ သင်သည်  (၁) ကိုယ်ရေးကိုယ်တာအချက်အလက်များ တိကျမှုမရှိခြင်း၊ (၂) ဆောင်ရွက်နေမှုများသည် ဥပဒေနှင့် ကိုက်ညီမှုမရှိခြင်း၊ (၃) သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို အသုံးမလိုတော့ခြင်း သို့မဟုတ် (၄) သင်၏လုပ်ပိုင်ခွင့်ကို အသုံးပြု၍ ကန့်ကွက်ခြင်း (အောက်တွင် ကြည့်နိုင်ပါသည်) များရှိခဲ့ပါလျှင် ကျွနု်ပ်တို့အား သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များပရောစက်လုပ်မှု ကန့်သတ်ပေးရန် တောင်းဆိုနိုင်ပါသည်။

ကျွနု်ပ်တို့မှာရှိသော သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပြုပြင်ခြင်း ကျွနု်ပ်တို့ ပရောစက်လုပ်ဆောင်နေသော ကိုယ်ရေး ကိုယ်တာအချက်အလက်များ၏တိကျမှုကို  သေချာစေရန်ဆောင်ရွက်ရပါသည်။ ကျွနု်ပ်တို့ဆီ၌ရှိသော သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များ မှားယွင်းနေသည်ကို သင်တွေ့ရှိပါက သို့မဟုတ် သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များအပြောင်းအလဲရှိပါက (ဥပမာ အမည် သို့မဟုတ် လိပ်စာ အပြောင်းအလဲ) ကျွနု်ပ်တို့အား ကျေးဇူးပြု၍ အကြောင်းပေးစေလိုပါသည်။ ထိုအခါ ကျွနု်ပ်တို့၏မှတ်တမ်းတွင် နောက်ဆုံးရရှိသည့်အတိုင်းပြောင်းလဲသွားမည် ဖြစ်ပါသည်။

အချက်အလက်များအလွယ်တကူ သယ်ဆောင်နိုင်ခြင်း အချို့သောအခြေအနေများ သင်တောင်းဆိုသည့်အတိုင်း သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို အခြားသောအဖွဲ့အစည်းထံသို့ ကျွနု်ပ်တို့ လွှဲပြောင်းပေးရန် လိုအပ်ပါသည်။ ကျွနု်ပ်တို့မှာရှိသော သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို အခြားသောအဖွဲ့အစည်းထံသို့ လွှဲပြောင်းရာတွင် ကျွနု်ပ်တို့အား အသုံးများသည့်စက်ဖြင့်ဖတ်၍ရသော ပုံစံဖြင့် ပို့ပေးရန် သင့်အနေဖြင့် တောင်းဆိုခွင့်ရှိသည်။

သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဖျက်ပစ်ခြင်း ( ခေါ်  "မေ့ပစ်ပိုင်ခွင့်ရှိခြင်း") အချို့သောအခြေအနေများနှင့် ဥပဒေအရလုပ်ဆောင်ရန်လိုအပ်သောအခါတွင် သင့်တောင်းဆိုချက်အတိုင်း ကျွနု်ပ်တို့မှာရှိသော သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဖျက်ပစ်ရပါမည်။ ဤလုပ်ပိုင်ခွင့်သည် အကြွင်းမဲ့ မဟုတ်ပါ။  အခြေအနေအချို့တွင် သင်၏တောင်းဆိုချက်အတိုင်း လိုက်လျောရန်အတွက် ကျွနု်ပ်တို့မှာ တာဝန်မရှိသည့်အခါမျိုး ရှိကောင်းရှိနိုင်ပါသည်။ ကျွနု်ပ်တို့အား သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဖျက်ပေးရန် သင် တောင်းဆိုပိုင်ခွင့်ရှိသည်။ သင် ဤတောင်းဆိုမှုကို ပြုလုပ်လျှင် သင်၏ လုပ်ပိုင်ခွင့်အရ သက်ဆိုင်ရာကိုယ်ရေးကိုယ်တာအချက်အလက်များဖျက်ပေးရန်တောင်းဆိုချက်အား ကျွနု်ပ်တို့သည် ဥပဒေအပိုင်းအရ၊ စာချုပ်အရနှင့် လုပ်ငန်းပိုင်းအကျိုးအမြတ်အရ ချိန်ထိုးကြည့်ရန် လိုအပ်ပါသည်။

သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များအား ပရောစက်လုပ်မှုအချို့ကို ကန့်ကွက်ခြင်း သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များ ပရောစက်လုပ်ဆောင်မှုပေါ်တွင် သင့်အနေဖြင့် ကန့်ကွက်ပါက ကျွနု်ပ်တို့သည် အချို့သော ဥပဒေအပိုင်း၊ စာချုပ်ပိုင်းနှင့် လုပ်ငန်းပိုင်းအကျိုးအမြတ်ကို စဉ်းစား၍  ပရောစက်လုပ်ခြင်းအားကန့်ကွက်ရန် သင်၏တောင်းဆိုပိုင်ခွင့်ကို ၄င်းတို့နှင့် ချိန်ထိုးလုပ်ဆောင်သွားပါမည်။ အချို့သောအခြေအနေများတွင် သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များ ပရောစက်လုပ်ဆောင်ခြင်းကို သင်ကန့်ကွက်နိုင်ပါသည်။  သင်၏ကိုယ်ရေးကိုယ်တာ အချက်အလက်များအား တိုက်ရိုက်ဈေးကွက်တင်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် ကျွနု်ပ်တို့၏အသုံးပြုခြင်းကို သင် ကန့်ကွက်နိုင်ပါသည်။

အလိုအလျောက်လုပ်ဆောင်ခြင်းသက်သက်ဖြင့်  မည်သူမျှမပါဝင်ပဲ ဆုံးဖြတ်ချက်များကို လိုက်နာရန်မလိုပါ (ဆိုလိုသည်မှာ သင်နှင့်ဆိုင်သော ဆုံးဖြတ်ချက်များကို လူသားပါဝင်ခြင်းမရှိပဲ ကွန်ပြူတာ သို့မဟုတ် အယ်လ်ဂိုရီသမ်စနစ်မှ ဆုံးဖြတ်ခြင်း) အချို့သောအခြေအနေများတွင် ကျွနု်ပ်တို့ပြုလုပ်ထားသည့် အလိုအလျောက်ပရောစက်လုပ်ဆောင်ပြီးချသော ဆုံးဖြတ်ချက်များကို သင့်အား ကန့်ကွက်ပိုင်ခွင့်ပေးထားသည်။ ကျွနု်ပ်တို့၏အလိုအလျောက် အချက်အလက်များပရောစက်လုပ်ဆောင်ခြင်းလုပ်ရပ်များကို မှတ်တမ်းသိမ်းထားရန်နှင့် ထိုဆုံးဖြတ်ချက်ချပုံ အချက်အလက်များကို ကျွနု်ပ်တို့က ပေးရပါသည်။ ဆုံးဖြတ်ချက်များကို  လူသားလုပ်ဆောင်ချက်မပါပဲ ကွန်ပြူတာ သို့မဟုတ် အယ်လ်ဂိုရီသမ် နည်းစနစ်ဖြင့် လုံးဝဥသုန် ချမှတ်ထားပါက ၄င်းကို သင် ကန့်ကွက်ခွင့်ရှိသည်။

ပြီးပြည့်စုံသော တောင်းဆိုမှုကိုလက်ခံရရှိပြီးနောက်  ရက် ၃၀ အတွင်း သင်တောင်းခံထားသော မည်သည့် လုပ်ပိုင်ခွင့်ကိုမဆို ကျင့်သုံးနိုင်ရန် ကျွနု်ပ်တို့ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ ယင်း အချက်အလက်များတွင် ပါသော မည်သည့်အမှားများကိုမဆို သင် ပြင်ဆင်ပိုင်ခွင့်ရှိသည်။ ကျမ်းစာပရောဂျက်သည် သင့်တောင်းဆိုမှုအားမဖြည့်ဆည်းမီ ဥပဒေအရ သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကိုသင့်ထံမှ ထပ်မံပြီးစုဆောင်းခြင်းအပါအဝင် သင်မည်သူဖြစ်ကြောင်း အထောက်အထားကို တိုက်ဆိုင်စစ်ဆေးရန်လိုအပ်ကြောင်းကို မှတ်သားစေလိုပါသည်။

စာပို့လိုလျှင်

BibleProject 501 SE 14th Avenue Portland, QR 97214

ကယ်လ်ဖိုးနီးယား ကိုယ်ရေးကိုယ်တာလျှို့ဝှက်ထားခြင်းဆိုင်ရာ လုပ်ပိုင်ခွင့်များ

ကျမ်းစာပရောဂျက်သည် အစုရှယ်ယာရှင်များ သို့မဟုတ် အခြားပိုင်ရှင်များ၏ အကျိုးအမြတ်အတွက် သို့မဟုတ် ငွေကြေးအကျိုးရှိမှုအတွက် ဖွဲ့စည်းထားခြင်း သို့မဟုတ် လုပ်ငန်းလည်ပတ်ခြင်းမဟုတ်သောကြောင့် ကယ်လ်ဖိုးနီးယား ကိုယ်ရေးကိုယ်တာလျှို့ဝှက်ထားခြင်းဆိုင်ရာ လုပ်ပိုင်ခွင့်များ အက်ဥပဒေ (CCPA)ကို လိုက်နာခြင်းမှ ကင်းလွတ်ခွင့်ရသည်။ တရားမ ဥပဒေ အပိုင်းများ 1798.100 - 1798.199) သို့သော် ဝန်ဆောင်မှုပေးသူများ၊ အခြားကြားခံအဖွဲ့အစည်းများနှင့် ချုပ်ဆိုထားသော ကျွနု်ပ်တို့စာချုပ်များသည် CCPA အတိုင်း ကျွနု်ပ်တို့ လိုက်နာရန် လိုအပ်စေနိုင်ပါသည်။ ကယ်လ်ဖိုးနီးယားတွင်နေထိုင်သော ကျွနု်ပ်တို့၏ဝက်ဘ်ဆိုဒ်ကို အသုံးပြုသူများဖက်မှ ၎င်းတို့၏ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့်စပ်လျဉ်းပြီး ရရှိနိုင်သည့် လုပ်ပိုင်ခွင့်များမှာ (က) အမျိုးအစားအလိုက်ခွဲပြီးဖော်ပြထားသော ကျွနု်ပ်တို့စုဆောင်းထားသည့် သင်၏ကိုယ်ရေး ကိုယ်တာ အချက်အလက်များနှင့် ကြားခံအဖွဲ့အစည်းသို့  အချက်အလက်များကို ရောင်းမရောင်းဆိုသည့်အချက်ကို လက်ခံရရှိခြင်း (ခ) သင်၏ကိုယ်ရေးကိုယ်တာများကို ကျွနု်ပ်တို့ဖက်မှ မျှဝေပေးထားသည့် အမျိုးအစားလိုက်ခွဲထားသော ကြားခံအဖွဲ့အစည်းစာရင်းကို လက်ခံရရှိခြင်း၊ (ဂ) သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကျွနု်ပ်တို့မှရောင်းလျှင် သင့်အနေဖြင့် သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကြားခံအဖွဲ့အစည်းများထံသို့ မရောင်းရန် ညွှန်ကြားနိုင်ခြင်း နှင့် (ဃ) သင်အနေဖြင့် သင်၏ကိုယ်ရေးကိုယ်တာလျှို့ဝှက်မှုဆိုင်ရာ လုပ်ပိုင်ခွင့်ကို ကျင့်သုံးမှုကို ပဓာနမထားပဲ တူညီသောဝန်ဆောင်မှုကို လက်ခံရရှိခြင်း တို့ဖြစ်သည်။ 

ထို့အပြင် ကယ်လ်ဖိုးနီးယား တရားမဥပဒေ အပိုင်း 1798.83-1798.84 အရ ကယ်လ်ဖိုးနီးယားတွင်နေထိုင်သူများမှ ကျွနု်ပ်တို့အား ကျွနု်ပ်တို့၏ဆက်စပ်သောအဖွဲ့အစည်းများနှင့်/သို့မဟုတ် ဈေးကွက်တင်ရောင်းချရန်အတွက်အသုံးပြုသော ကြားခံအဖွဲ့အစည်းများသို့ မျှဝေထားသော ကိုယ်ရေးကိုယ်တာအချက်အလက်အမျိုးအစားများ နှင့် ယင်းဆက်စပ်အဖွဲ့အစည်းများနှင့်/သို့မဟုတ် ကြားခံအဖွဲ့အစည်းများထံသို့ ပေးထားသော ဆက်သွယ်ရေးအချက်အလက်များကို ဖော်ထုတ်ထားသော ကြေညာချက်ကို တောင်းဆိုပိုင်ခွင့်ရှိသည်။

သင်သည် ကယ်လ်ဖိုးနီးယားတွင် နေထိုင်သူဖြစ်၍ သင်သည် ဤကိုယ်ရေးကိုယ်တာအချက်အလက်များ လျှို့ဝှက်ထားခြင်းဆိုင်ရာ အသိပေးကြေညာချက်ကော်ပီကို တောင်းယူလိုပါက သို့မဟုတ် သက်ဆိုင်ရာ ကယ်လ်ဖိုးနီးယားဥပဒေအောက်၌ သင်ရရှိသောလုပ်ပိုင်ခွင့်ကို ကျင့်သုံးလိုပါက (855) 700-9109 သို့ အခမဲ့ ဖုန်းခေါ်ဆိုနိုင်ပါသည်။ သို့မဟုတ် "ကယ်လ်ဖိုးနီးယား ကိုယ်ရေးကိုယ်တာလျှို့ဝှက်ခြင်းဆိုင်ရာအချက်အလက်များ" ဟု ခေါင်းစဉ်ထားပြီး webmaster@jointhebibleproject.com သို့ အီးမေးလ် ပေးပို့နိုင်ပါသည်။

ဆက်သွယ်ခြင်းဖြတ်တောက်မှုကို ရွေးချယ်ခြင်း

သင် ကျွနု်ပ်တို့ဆီမှ ကြားလိုမှသာလျှင် သင့်အား ကျွနု်ပ်တို့ ဆက်သွယ်မည် ဖြစ်သည်။ သင်သည် ကျွနု်ပ်တို့၏ မည်သည့်အီးမေးလ်အောက်တွင်မဆိုပါသော "ရယူမှုကို ရပ်သည်" ဟူသောလင့်ခ်ကို ကလစ်နှိပ်ခြင်းဖြင့် ကျမ်းစာပရောဂျက် မှ သင့်ထံသို့ ပို့ပေးနေမှုများကို ပြုပြင်နိုင်သည် သို့မဟုတ် ကန့်သတ်နိုင်သည်။ (855) 700-9109 သို့ အခမဲ့ တိုက်ရိုက် ဖုန်းခေါ်ဆိုနိုင်ပါသည်။ သို့မဟုတ် webmaster@jointhebibleproject.com သို့ အီးမေးလ် ပေးပို့နိုင်ပါသည်။ သင့်နာမည်အပြည့်အစုံ၊ အီးမေးလ်လိပ်စာ၊ စာပို့ရန်လိပ်စာနှင့် သင်မရယူလိုသော အချက်အလက်တို့အားအတိအကျ ထည့်သွင်းဖေါ်ပြစေလိုပါသည်။ သင်နှစ်သက်ပါက ကျွနု်ပ်တို့အားပို့မည့် သင်၏သတင်း စကားတွင် အောက်ဖော်ပြပါအချက်များမှတစ်ခုကို အသုံးပြုနိုင်ပါသည်။

  • ကျွန်တော်/ကျွန်မသည် ပစ္စည်းများနှင့် ဝန်ဆောင်မှုများဆိုင်ရာ နောက်ဆုံးအချက်အလက်များ၊ အထူးပရိုမိုးရှင်းများ သို့မဟုတ် နောင်လာမည့် ပွဲများကဲ့သို့သော အီးမေးလ်ကြော်ငြာများလက်ခံရရှိခြင်းကို မနှစ်သက်ပါ။

ကျွန်တော်/ကျွန်မသည် ပုံမှန်ပေးပို့သော ကတ်တလောက်များနှင့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများဆိုင်ရာ စာများ၊ အထူးပရိုမိုရှင်းများနှင့် နောင်လာမည့် ပွဲများကဲ့သို့သော ကြော်ငြာအီးမေးလ်များတိုက်ရိုက်ရရှိခြင်းကို မနှစ်သက်ပါ။

အချက်ပြသကေင်္တများကို ခြေရာမခံပါနှင့်။

ခြေရာခံမလိုက်ပါနှင့် သည် အသုံးပြုသူများ ၎င်းတို့၏ ဝက်ဘ် browser တွင် ပြင်ဆင်နိုင်သည့် ကိုယ်ရေး ကိုယ်တာ အချက်အလက်လျှို့ဝှက်ချက်ဆိုင်ရာ လိုလားမှုပင်ဖြစ်သည်။ အသုံးပြုသူသည် ခြေရာခံမလိုက်ပါနှင့် ကို ဖွင့်သောအခါ browser သည် ဝက်ဘ်ဆိုဒ်များထံသို့ အသုံးပြုသူအား ခြေရာခံမလိုက်ရန် တောင်းဆိုအကြောင်းကြားစာ ပေးပို့သည်။ ခြေရာခံမလိုက်ပါနှင့် အကြောင်းကို ပိုမိုသိလိုပါက www.allaboutnt.org သို့ သွားရောက်လေ့လာနိုင်ပါသည်။  ယခုအချိန်တွင် thebibleproject.com သည် ခြေရာမခံပါနှင့် brower ဆက်တင် သို့မဟုတ် အချက်ပြခြင်းများကို တုံ့ပြန်မည်မဟုတ်ပါ။ ထို့အပြင် ကျွနု်ပ်တို့သည် ကျွနု်ပ်တို့၏ဝက်ဘ်ဆိုဒ်များထံသို့ လာရောက်လေ့လာသူများအား နောက်ယောင်ခံရန်အတွက် အင်တာနက်၌စံပြုသတ်မှတ်ထားသည့် အခြားနည်းပညာကို အသုံးပြုမည်ဖြစ်သည်။ သင့်အနေဖြင့် ခြေရာမခံပါနှင့် ဖွင့်ထားခဲ့လျှင်လည်း ကျွနု်ပ်တို့နှင့် ကြားခံအဖွဲ့အစည်းများသည် ထိုနည်းကရိယာများကို သုံး၍ သင်၏အချက်အလက်နှင့် သင်၏ အင်တာနက်အသုံးပြုမှုများကို စုဆောင်းသွားမည်ဖြစ် သည်။

အမေရိကန် ကိုယ်ရေးကိုယ်တာအချက်အလက်များ လျှို့ဝှက်ခြင်းဆိုင်ရာ ဥပဒေများ

ဤဝက်ဘ်ဆိုဒ်အား အမေရိကန်နိုင်ငံမှ ပိုင်ဆိုင်ပြီး ထိုနေရာမှ လုပ်ငန်းလည်ပတ်စေသည်။ သင်သည် အမေရိကန် ပြင်ပမှ ဤဝက်ဘ်ဆိုဒ်အား ရယူအသုံးပြုပါက ကျွနု်ပ်တို့စုဆောင်းသမျှ သင်၏ အချက် အလက်များသည် အမေရိကန်ဆာဗာသို့ လွှဲပြောင်းရောက်ရှိမည်ဖြစ်သည်။ အမေရိကန်ရှိ ကိုယ်ရေးကိုယ်တာလျှို့ဝှက်ခြင်းဆိုင်ရာ ဥပဒေသည် သင့်ဒေသ၏တရားစီရင်ပိုင်ခွင့်လောက် အကာအကွယ်ဖြစ်ချင်မှဖြစ်လိမ့်မည်။ သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များအား ကျွနု်ပ်တို့အား စုဆောင်းခွင့်ပြုခြင်းဖြင့် သင်သည် ဤကိုယ်ရေး ကိုယ်တာအချက်အလက်များ လျှို့ဝှက်ထားခြင်းဆိုင်ရာ အသိပေးကြေညာချက်တွင် ဖော်ပြထားသည့်အတိုင်း သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များအား ပရောစက်လုပ်ဆောင်ခြင်းကို လွှဲပြောင်းခွင့်ပြုသည်။

အချက်အလက်လုံခြုံရေး

သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို အမှတ်တမဲ့ ပျောက်ဆုံးခြင်းနှင့် ရယူပိုင်ခွင့်မရှိပဲ ရယူခြင်း၊ အသုံးပြုခြင်း၊ ပြင်ဆင်ခြင်းနှင့် ထုတ်ဖော်ခြင်းမှ ကာကွယ်ရန် ကျွနု်ပ်တို့သည် စီးပွားရေးအရ သင့်လျော်သောအရေးယူမှုများကို အွန်လိုင်းသာမက အွန်လိုင်းမရှိသည့်အချိန်တွင်ပါဆောင်ရွက်နိုင်ရန် လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ကျွနု်ပ်တို့သည် သင်ထုတ်ဖော်ထားခြင်းမရှိသောကိုယ်ရေး ကိုယ်တာအချက်အလက်များကို ကာကွယ်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာ၊ အီလက်ထရောနစ်ဆိုင်ရာ နှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ လုံခြုံရေးပိုင်းအရေးယူမှုများပြုလုပ် ထိန်းသိမ်းသွားမည်ဖြစ်ပါသည်။ ဤအကာအကွယ်များတွင် ကျွနု်ပ်တို့၏ရုံးတွင်း၌ ထိန်းသိမ်းထားသည့် သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များ၌ ဆက်သွယ်ရန်အချက်အလက်ကိုသာ  ကန့်သတ် ထားရှိခြင်းနှင့်  ကြားလူမဖတ်နိုင်သည့်လုပ်ငန်းသုံးစံစနစ်ဖြင့် လုံခြုံစွာကာကွယ်ထားခြင်းတို့ ပါဝင်ပါသည်။ ငွေပေးချေမှုနှင့် ငွေကြေးဆိုင်ရာအချက်အလက်များကို  ကဒ်စနစ်ငွေပေးချေခြင်းလုပ်ငန်းအချက်အလက်လုံခြုံရေးစနစ်ဆိုင်ရာ ဝန်ဆောင်မှုပေးသူမှ လက်ခံဆောင်ရွက်ပေးသည်။ ကျွနု်ပ်တို့သည် အခြားကိုယ်ရေးကိုယ်တာအချက်အလက်များအားလုံးကို နိုင်ငံတကာလုံခြုံရေးစနစ်များနှင့် ကိုက်ညီမှုရှိသည့်လုပ်ငန်းဝန်ဆောင်မှုပေးသူမှ သိမ်းဆည်းပေးရန်နှင့် ထိန်းသိမ်းပေးရန်အတွက် လုံခြုံရေးတိုကင်မှတစ်ဆင့် လွှဲပြောင်းပေးသည်။  ကျွနု်ပ်တို့လက်ရှိ သင်၏အချက်အလက်များကာကွယ်မှု ပိုမိုတိုးတက်စေရန်နှင့် ယင်းအချက်အလက်များ၏မှန်ကန်မှု သေချာစေရန်အတွက် ကျွနု်ပ်တို့၏နည်းပညာများကို  ပြုပြင်မွမ်းမံခြင်းနှင့် စမ်းသပ်ခြင်းတို့ကို ပြုလုပ်သည်။ 

သင့်အချက်အလက်များ၏ ဘေးကင်းမှုနှင့် လုံခြုံမှုတို့သည် သင့်အပေါ်တွင်လည်း မူတည်ပါသည်။ ကျွနု်ပ်တို့ဝက်ဘ်ဆိုဒ်၏ အစိတ်အပိုင်းအချို့ကို ရယူရန်အတွက် သင့်အား ကျွန်ုပ်တို့မှ လျှို့ဝှက်ကုဒ်ပေးသောအခါ၌  (သို့မဟုတ် သင်မှရွေးချယ်ထားသောအခါ) ထိုလျှို့ဝှက်ကုဒ်ကို မပေါက်ကြားအောင်ထိန်းသိမ်းဖို့သင့်မှာတာဝန်ရှိသည်။ သင်၏လျှို့ဝှက်ကုဒ်အား မည်သူ့ကိုမှ မပေးရန်  ကျွနု်ပ်တို့မှ တောင်းဆိုပါသည်။ သင် ကြည့်ရှုအသုံးပြုပြီးပါက  သင်၏အကောင့်မှ ထွက်ရန်နှင့် သင်၏ browser window အားပိတ်ရန် သတိရပါ။ ထိုသို့ပြောရခြင်းမှာ အခြားသူများက သင်၏အကောင့်ကို အသုံးမပြုနိုင်စေရန်၊ အထူးသဖြင့် သင့်ကွန်ပျူတာအား တစ်စုံတစ်ယောက်နှင့်အတူ မျှဝေသုံးစွဲပါက သို့မဟုတ် အများသုံးနေရာမှ ကွန်ပျူတာကို သုံးစွဲပါက  သင်၏အကောင့်ကို သူတပါး မသုံးကြောင်း သေချာစေရန်ဖြစ်သည်။ အင်တာနက်အသုံးပြုသူအားလုံးသည် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက်များအား ကိုင်တွယ်ပုံနှင့် ဖော်ပြပုံကို ဂရုတစိုက်ရှိသင့်သည်။ အသုံးပြုသူမှပြုလုပ်ထားသော အကြောင်းအရာနှင့် လူများမြင်သာသည့်နေရာတွင် သင် မျှဝေခဲ့သော အချက်အလက်များကို မည်သည့် ဝက်ဘ်ဆိုဒ်အသုံးပြုသူမဆို ကြည့်ရှုနိုင်သည်။

စိတ်မကောင်းစရာမှာ အင်တာနက်မှတစ်ဆင့် ထုတ်လွှင့်သော အချက်အလက်များသည် လုံခြုံမှု အပြည့်အဝ မရှိပါချေ။ သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကျွနု်ပ်တို့မှ အကောင်းဆုံးကာကွယ်သော်လည်း  ခွင့်ပြုချက်မရသော ကြားခံအဖွဲ့အစည်းများမှ ကျွနု်ပ်တို့၏လုံခြုံရေးချထားမှုများကို အနိုင်ယူကျော်လွှား၍သော်လည်းကောင်း သို့မဟုတ် အများသို့ချမပြထားသော အချက်လက်များကို မသင့် လျော်သောရည်ရွယ်ချက်များဖြင့်အသုံးပြုလာလျှင်လည်းကောင်း ကျွနု်ပ်တို့၏ဝက်ဘ်ဆိုဒ်သို့ ထုတ်လွှင့်လာသော သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များ၏လုံခြုံမှုကို  ကျွနု်ပ်တို့ အာမ မခံပေးနိုင်ပါ။ မည်သည့် ကိုယ်ရေးကိုယ်တာအချက်အလက်များကိုမဆို ထုတ်လွှတ်ခြင်းသည်  သင်၏ကိုယ်ပိုင် စွန့်စားခြင်းသာဖြစ်သည်။ ဝက်ဘ်ဆိုဒ်များတွင်ပါဝင်သော  ကိုယ်ရေးကိုယ်တာလျှို့ဝှက်ခြင်းဆိုင်ရာ ဆက်တင်များ သို့မဟုတ် လုံခြုံရေးချထားမှုများကို ရှောင်တိမ်းခြင်းအတွက် ကျွနု်ပ်တွင် တာဝန်မရှိပါ။ သင်ဟုအယောင်ဆောင်ရန် သင်၏ကိုယ်ရေးအချက်ခိုးယူခြင်းမှ သင့်ကိုယ်သင် မည်သို့ ကူညီကာကွယ်ရမည်ကိုသိလိုပါက ကျေးဇူးပြု၍ ဖက်ဒရယ်ကုန်သွယ်မှုကော်မရှင်ဝက်ဘ်ဆိုဒ်ကို ရည်ညွှန်းကိုးကားနိုင်ပါသည်။

ကြားခံအဖွဲ့အစည်း၏ ဝက်ဘ်ဆိုဒ်များနှင့် ကြော်ငြာများ

ဤကိုယ်ရေးကိုယ်တာအချက်အလက်များ  လျှို့ဝှက်ထားခြင်းဆိုင်ရာ အသိပေးကြေညာချက်သည် ကျမ်းစာပရောဂျက်မှ စုဆောင်းထားသောအချက်အလက်များပေါ်တွင်သာ အကျိုးသက်ရောက်သည်။ ကျွန်ပ်တို့၏သုံးစွဲသူများကို ဝန်ဆောင်မှုပေးရန် ကျွနု်ပ်တို့၏ ဝက်ဘ်ဆိုဒ်မှ ကြားခံအဖွဲ့အစည်းများ၏ဝက်ဘ်ဆိုဒ်များထံသို့ လင့်ခ်များ ပေးသွားမည်ဖြစ်သည်။ သို့သော် ကြားခံအဖွဲ့အစည်းဝက်ဘ်ဆိုဒ်များ၏ ကိုယ်ရေးကိုယ်တာလျှို့ဝှက်ခြင်းနှင့် အချက်အလက်များစုဆောင်းခြင်း၊ အသုံးပြုခြင်းနှင့် ထုတ်ဖော်ခြင်းဆိုင်ရာ လုပ်ဆောင်ပုံများအပေါ်  ကျွနု်ပ်တို့တွင် ထိန်းချုပ်ပိုင်ခွင့်မရှိသလို တာဝန်လည်း မရှိပါ။ အပြင်ဝက်ဘ်ဆိုဒ်များမှ လင့်ခ်များကို သင် ကလစ်နှိပ်သောအခါ သင်သည် ကျွနု်ပ်တို့ဟာမဟုတ်သည့် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ  လျှို့ဝှက်ထားခြင်းဆိုင်ရာ အသိပေးကြေညာချက်များနှင့် လုပ်ဆောင်ချက်များ အောက်သို့ကျရောက်သွားမည်ဖြစ်သည်။ မည်သည့်အချက်အလက်ကိုမှ မပေးမီ အဆိုပါ ဝက်ဘ်ဆိုဒ်များ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ  လျှို့ဝှက်ထားခြင်းဆိုင်ရာ အသိပေးကြေညာချက်များကို ပြန်လည်ဆန်းစစ်ခြင်းနှင့် နားလည်အောင်လုပ်ခြင်းတို့ကို ပြုလုပ်ရန် သင့်အား ကျွနု်ပ်တို့ တိုက်တွန်းပါသည်။

အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ

ဤဝက်ဘ်ဆိုဒ်၏ အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များသည်  ဤကိုယ်ရေးကိုယ်တာအချက်အလက်များ  လျှို့ဝှက်ထားခြင်းဆိုင်ရာ အသိပေးကြေညာချက်တွင်မပါဝင်သော ကိစ္စရပ်အားလုံးကို လွှမ်းမိုးအုပ်ချုပ်နေသည်။

 ကျွနု်ပ်တို့၏အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များအား ကောင်းစွာသိကျွမ်းစေရန် လုပ်ဖို့ သင့်ကို ကျွနု်ပ်တို့မှ တိုက်တွန်းပါသည်။

ကျွနု်ပ်တို့၏ကိုယ်ရေးကိုယ်တာအချက်အလက်များ  လျှို့ဝှက်ထားခြင်း မူဝါဒပြောင်းလဲခြင်းများ 

ကျွနု်ပ်တို့သည် ဤကိုယ်ရေးကိုယ်တာအချက်အလက်များ  လျှို့ဝှက်ထားခြင်းဆိုင်ရာ ကြေညာချက်အား တိကျမှုရှိစေရန်အတွက် အခါအားလျော်စွာ ပြောင်းလဲမှုပြုလုပ်နိုင်ပါသည်။ ပြောင်းလဲမှုများ ပြုလုပ်ပါက စိစစ်တည်းဖြတ်ထားသော ကြေညာချက်ကို ဤစာမျက်နှာတွင် တင်ထားပေးမည် ဖြစ် သည်။ ဤကိုယ်ရေးကိုယ်တာအချက်အလက်များ  လျှို့ဝှက်ထားခြင်းဆိုင်ရာ အသိပေးကြေညာချက်ပြောင်းလဲမှုများကို တင်ပြီးနောက် ကျွနု်ပ်တို့၏ဝက်ဘ်ဆိုဒ် သို့မဟုတ် ဝန်ဆောင်မှုအား သင်၏ဆက်လက်အသုံးပြုခြင်းသည် ကျွနု်ပ်တို့၏ ပြင်ဆင်ပြောင်းလဲမှုကို လက်ခံရာရောက်ပါသည်။

 အချို့သော ကိစ္စရပ်များတွင် ကျွနု်ပ်တို့သည် စတင်စုဆောင်းချိန်နှင့်မတူတော့သောပုံစံဖြင့် သင်၏ အချက် အလက်များကို ကျွနု်ပ်တို့အသုံးပြုခြင်းအတွက် သင့်အားရွေးချယ်ခွင့်ပေးနိုင်ရန်အတွက် သင်ပေးထားသော ဆက်သွယ်ရန် အချက်အလက်ကို အသုံးပြုပြီး သင့်အားဆက်သွယ်ရန် ကြိုးစားပါမည်။ သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကျွနု်ပ်တို့ထံသို့ မပေးမီ လက်ရှိကြေညာချက်၏အကျုံးဝင်မှုနယ်ပယ်အား သိမှတ်နိုင်ရန်အတွက် ကျေးဇူးပြု၍ မကြာမကြာပြန်လည်ပြီး စစ်ဆေးစေလိုပါသည်။

ခွင့်ပြုချက်မရှိပဲ အသုံးပြုခြင်း

ကလေးများ၏အချက်အလက်များအပါအဝင် ခွင့်ပြုချက်မရှိသော မည်သည့် အချက်အလက်ကိုမဆို ကျမ်းစာပရောဂျက်သို့ တင်သွင်းခြင်းကို သင်သတိထားမိပါက ကျွနု်ပ်တို့မှ ဖျက်ပေးနိုင်ရန်အတွက် အောက်တွင် ဖေါ်ပြထားသည့် ဆက်သွယ်ရမည့်အချက်အလက်စာရင်းကို ဆက်သွယ်ခြင်းဖြင့် ကျွနု်ပ်တို့အား အကြောင်းကြားနိုင်ပါသည်။

ဆက်သွယ်ရန် အချက်အလက်များ

သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့်ပတ်သက်သည့်သင်၏လုပ်ပိုင်ခွင့်များကို လက်တွေ့ကျင့်သုံးနိုင်ရန်ဖြစ်စေ၊  သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကျွနု်ပ်တို့၏ စုဆောင်းခြင်းနှင့် အသုံးပြုခြင်း အကြောင်း မေးခွန်းမေးရန်ဖြစ်စေ၊ သို့မဟုတ် ဤကိုယ်ရေးကိုယ်တာအချက်အလက်များ  လျှို့ဝှက်ထားခြင်းဆိုင်ရာ အသိပေးကြေညာချက်အကြောင်း ထင်မြင်ချက်ပေးရန်ဖြစ်စေ၊ ကျွနု်ပ်တို့အား အောက်ပါအတိုင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။

ဖုန်းအခမဲ့ခေါ်ဆိုရန် - (၈၅၅) ၇၀၀-၉၁၀၉

အီးမေးလ်လိပ်စာ - webmaster@bibleproject.com

For advanced bible reading tools:
Login  or  Join